Blogger Widgets 2. 30. 31.
မင်္ဂလာပါ လာရောက်လည်ပတ်သော သူငယ်ချင်းအားလုံးကို (Sweet Home) ခေါ် (သာယာအိမ်) မှကြိုဆိုပါတယ်။

Sunday, June 24, 2012

iphone,iPad နှင့် ipod touch များတွင် ဇော်ဂျီဖောင့်သွင်းနည်း


 iPhone နဲ့ iPod touch ထဲမှာ ဇော်ဂျီဖောင့်သွင်းဖို့အတွက် jailbreak လုပ်ထားဖို့လိုအပ်ပါတယ်။ jailbreak
လုပ်ပြီးသားစက်တွေအတွက်လုပ်နည်းကိုပြောပြပါ့မယ်။ ဇော်ဂျီအင်ဖာင့်သွင်းဖို့အတွက် အင်တာနက်ကွန်နက်ရှင်ရှိရပါမယ်။ ကိုယ့်ရဲ့ iPhone/Pod ထဲက
Cydia ကို သွားပါ။ ပြီးလျှင် manage အောက်က Source ကိုသွားပါ။ Edit ကနေ Add လုပ်လိုက်ပါ ။ Address တွင်

http://cydia.macforus.com
ကိုထည့်ပါ ။ ပြီးလျှင် Package များကို reload လုပ်ပါလိမ့်မယ်။အကုန်ပြီးသွားရင် Section အောက်မှာ Zawgyi Keyboard iOS 4.1 ဆိုတာကိုရွေးလိုက်ပြီး install လုပ်လိုက်ပါ။ အထဲမှာ
Zawgyi Font နှင့်Zawgyi Keyboard နှစ်ခုပါ ပါတယ်။ ပြီးရင်စက်ကို restart ချပါ။ ပြီးလျှင်
Setting > General ထဲက Keyboard > International Keyboard ကိုသွားပါ။
နောက် Add new keyboard ဆိုပြီးတော့ list ထဲက Myanmar(မြန်မာ)ဆိုတာကိုရွေးပေးလိုက်ပါ ။
ဒါဆိုရင် သွင်းလို့ပြီးသွားပါပြီ။ ဇော်ဂျီကီးဘုတ်ပြောင်းရိုက်ချင်ရင် အင်္ဂလိပ်ကီးဘုတ်အောက်ခြေနားက ကမ္ဘာလုံးပုံလေးကိုနှိပ်ပြီး ပြောင်းရိုက်နိုင်ပါတယ်။
iOS 4.2 နှင့်အထက်အတွက် Zawgyi iPad ကီးဘုတ်ကို ရှာချင်ရင်လည်း အထက်ပါအတိုင်းပဲသွင်းရမှာပါ။ Address တွင် http://cydia.macforus.com
ကိုထည့်ပါ ။ ပြီးလျှင် Package တွေပေါ်လာတဲ့အထဲက Zawgyi Keyboard iPad 4.2 ကိုရွေးပြီး အထက်ပါနည်းလမ်းများအတိုင်းသွင်းနိုင်ပါတယ်။

Source By : www.matsoediary.blogspot.com (မတ်စိုး)

No comments:

Post a Comment