Blogger Widgets 2. 30. 31.
မင်္ဂလာပါ လာရောက်လည်ပတ်သော သူငယ်ချင်းအားလုံးကို (Sweet Home) ခေါ် (သာယာအိမ်) မှကြိုဆိုပါတယ်။

Friday, June 15, 2012

ကျွန်တော်တမ်းတသော ဖြေရှင်းချက်

ချစ်သူရယ်……………..
မေ့ပစ်ဖို့ ကြိုးစားပေမဲ့
နင်နဲ့ဝေးမှ ပိုချစ်လာတဲ့ ငါ့ရဲ့စိတ်ကို
မစွဲလန်းမိအောင်
အကြိမ်ကြိမ် အခါခါ
တားဆီး ချုပ်နှောင်ထားပေမယ့်

တမ်းတရတဲ့ နေ့ပေါင်းညပေါင်းတွေ များလာတော့လည်း
ခံနိုင်ရည်ဆိုတာလည်းယဲ့ယဲ့လေးပဲကျန်တော့တယ်။
အစကတည်းက
နင်ရက်စက်တတ်မှန်း ကြိုသိခဲ့ရရင်
ငါမချစ်ခဲ့ပါဘူးဟာ
ဒီလိုဝဋ်ကြွေးမျိုး ဒီဘ၀မှာပဲ
ကြေအေးပါစေတော့လို့
ဆုတောင်းနေမိတယ်
ဒါပေမယ့် နင်ပြောခဲ့ဖူးတဲ့
နင့်ရင်ထဲမှာငါကပထမဦးဆုံး
အချစ်ဆိုတာ ဘာကိုဆိုလိုတာလဲ
ဖြေရှင်းချက်လေးတော့
ပေးလှည့်ပါ
အချစ်လေးရာ။