Saturday, July 21, 2012

Vista Control Panel ကို Right Click menu မှာ မြန်မာလို ရေးပြီးထည့်မယ်

Control Panel ကို Right Click menu မှာ ထည့်ကြည့်မယ်လေ။ မြန်မာလို ရေးပြီးထည့်မယ်ဗျာ ။ ကြည့်လိုက်ပါဦး။

Image Hosting by Picoodle.com

Registry ပိုင်းကို တော်တော်များများရေးခဲ့ပြီးပါပြီ  လေ့လာပြီးသူများအတွက် ရည်ရွယ်ပြီးပြောပါ့မယ်။

Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါ အောက်ပါ လမ်းကြောင်း အတိုင်း Shell ကို ရှာပါတယ်။


HKEY_CLASSES_ROOT\Directory\Background\shell
Shell ကို Right-click လုပ်ပြီး New – Key ကို နှိပ်ပါ

Image Hosting by Picoodle.com

နာမည်ကို မိမိကြိုက်သလိုပေးလို့ရပါတယ်။ Control panel ကို မြန်မာလိုပေးချင်လည်း ပေးလို့ရပါတယ်။ ဒါပေမယ့် ဇော်ဂျီဖောင့်တွေ ပြောင်းပေးပြီးသားဖြစ်မှ ပေါ်မှာပါ။ ဖောင့်ပြောင်းပေးလို့ရတာ ၈ နေရာ ရှိပါတယ်။ သိပြီးသားနေမှာပါ။ ကျနော်ကတော့ “ ပြင်ဆင်ဖို့ ” ဆိုပြီး ပေးလိုက်ပါတယ်။

Image Hosting by Picoodle.com

သူ့ကို Right click ထပ်လုပ်ပြီး New – Key ကို နှိပ်ပါ။ command လို့ နာမည်ပေးပါ။

Image Hosting by Picoodle.com

command ကို click လုပ်လိုက်တာနဲ့ သူ့ရဲ့ညာဘက်မှာ Default ဆိုတဲ့ သူ့ရဲ့ item လေးကို တွေ့မှာပါ။ အဲဒါကို Double-click နှိပ်ပြီး Value အတွက် အောက်က စာသားတွေ ကူးထည့်လိုက်ပါ။
rundll32.exe shell32.dll,Control_RunDLL
Image Hosting by Picoodle.com

ပြီးတာနဲ့ Desktop မှာ Right-click လုပ်ပြီး သုံးကြည့်လိုက်ပါ။ အဆင်ပြေမှာပါဗျာ ….အင်း ၀င်းဒိုး 7နဲ့ XP  အတွက် မစမ်းရသေးပါဘူး နော် ကိုယ်တိုင်စမ်းလိုက်ပေါ့ အတူတူပါပဲ ရရင်ပြန်ပြောပေးပါဗျာ...........

အာကာဖြိုးနည်းပညာမှပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။

No comments:

Post a Comment