Saturday, July 21, 2012

ခိုနားခွင့်


ချစ်သူရယ်
အချစ် သံစဉ်လေးရဲ့ အောက်မှာ
မင်းလေးရဲ့အချစ်ကိုစောင့် မျှော်နေဆဲမှာ
ဘယ်အချိန်မှ ချစ်မိသွားပြီးတော့
ဘယ်လောက်ထိ ချစ်မှာလဲ

ဆိုတာကိုတော့ ငါမသိခဲ့ဘူး
သိလဲ မသိချင်တော့ပါဘူး။
ဘယ်တောင်မှာ နားမလဲ
ဆိုတာကို ဝေခွဲမရ ဖြစ်နေတဲ့
ငှက်တစ်ကောင်လို နားခိုရာမဲ့
ဖြစ်နေရာတဲ့ ငါ့ဘ၀ကို
မင်းလေးမြင်တွေ့ ပေးနိုင်မယ်ဆိုရင်
ဒီကမ္ဘာမြေကြီးဟာ ဘယ်လောက်တောင်
အလှတရားနဲ့ ပြည့်စုံသွားမလဲ
ချစ်သူရာ………….

No comments:

Post a Comment